Web Development Online Course

Web Development Career အတွက် မြေစမ်းခရမ်းပျိုးရာမှ
Professional လမ်းကြောင်းပေါ် ရောက်သည်အထိ သင့်တော်သည့် သင်တန်း
HTML 5CSS 3JSSASSBootstrapEmmet

သင်တန်းကြာချိန်

သင်တန်းကာလ ၂ လ၊
တစ်ပတ်လျှင် ၃ ရက် ( တနင်္လာ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး)၊ တစ်ရက်လျှင် Video တစ်ခု
စုစုပေါင်း ၄၈ နာရီ သင်ကြားမည်။

သင်တန်းအတွက် လိုအပ်ချက်များ

Internet, Computer အသုံးပြုတတ်လျှင် မည်သူမဆို တက်ရောက်နိုင်ပါသည်။ အနည်းဆုံး Internet Search Engine ကနေ တဆင့် ကိုယ်သိချင်တာတွေ ရှာတတ်ရပါမယ်။​ Web Development နှင့်ပတ်သက်သည်များကို ကိုယ်တိုင်လေလာ့ထားဖူးလျှင် ပိုကောင်းပါသည်။ ကိုယ်ပိုင် Laptop / Computer​ ရှိဖို့ လိုအပ်ပါတယ်။ အောက်မှာ ပါတဲ့ သင်ရိုးကနေ ဘာတွေ သင်မယ်ဆို ဖတ်ထားပြီး Website Development က ဘာဆိုတာ သိရင် တက်ရောက်နိုင်ပါတယ်။


package သင်တန်းကြေး ၁၀၀,၀၀၀ ကျပ်

ကိုထက်ဝေယံစိုး

Web Development Instructor

သင်ကြားမည့်ဆရာအကြောင်းအသေးစိတ်

layout သင်တန်းမှာ ဘယ်လိုသင်မလဲ

Facebook Secret Group ထဲမှာ အပတ်စဥ် သတ်မှတ်ထားတဲ့ ရက်တွေမှာ သင်ခန်းစာ Video တွေတင်ပေးမှာပါ။ Quality ကောင်းမွန်တဲ့ Video File ကိုတော့ သင်တုန်းမှာ အသုံးပြုသွားတဲ့ Code တွေနဲ့တကွ Google Drive ကနေ Download ပြုလုပ်နိုင်ပါမယ်။ Group မှာ ဆရာ့ကို သိချင်တာတွေ မေးမြန်းနိုင်ပါတယ်။ အပတ်စဥ် ဆရာက Group မှာ Live ကတဆင့် မရှင်းတာရှိရင် မေးနိုင်အောင် Question and Answer Section ပြုလုပ်ပေးမှာပါ။ Messenger Video / Audio Call ကနေ တဆင့်လဲ စာရှင်းပြဖို့ တောင်းဆိုနိုင်ပါတယ်။ အိမ်စာပေးထားတဲ့ Code တွေအတွက် Review တွေလဲ ပုံမှန် ပြုလုပ်ပေးပါတယ်။ Group အတွက် Support လုပ်တဲ့ သက်တမ်းကတော့ စသင်တဲ့ရက်ကနေ ရက်ပေါင်း ၁၂၀ အထိဖြစ်ပါတယ်။ သင်တန်းက Online က သင်မှာဖြစ်တဲ့အတွက် လက်ခံသင်ယူမဲ့ ကျောင်းသားဖက်က အများကြီး အားစိုက်ထုတ်ဖို့ လိုပါတယ်။ သင်ပေးသမျှ Video တွေကို အထပ်ထပ် အခါခါ ကြည့်ရှုပြီး သေချာ လေ့ကျင့်မှသာ လမ်းကြောင်းပေါ် ရောက်မှာပါ။

compass ဒီသင်ရိုးမှာ ဘာတွေ သင်မလဲ


layers Introduction to Web Technologies

Web Technologies နဲ့ပတ်သက်တာတွေကို စတင် ထိတွေ့ သင်ကြားရမှာဖြစ်ပြီး Browser အလုပ်လုပ်ပုံ၊ Internet အကြောင်း၊ Website နဲ့ Web Application တွေ အကြောင်းကို သင်ကြားပါမည်။ Web Standard တွေဖြစ်တဲ့ HTML 5, CSS 3 တို့အပြင် မသိမဖြစ် ဖြစ်လာတဲ့ SASS / SCSS အကြောင်းကို သင်ကြားရပါမည်။ BEM methodology ကိုပါ ထည့်သွင်းသင်ကြားပေးမည်။

layers Grid System

Website များ တည်ဆောက်သောအခါ မိမိ လိုချင်သော Design Layout အတိုင်း တည်ဆောက်နိုင်အောင် အသုံးပြုသော၊ Photoshop / Sketch ဖြင့် ရေးဆွဲထားသော Design များကို Website အဖြစ် ပြန်လည်တည်ဆောက်ရာတွင် အသုံးပြုသော Grid System အကြောင်းကို ကိုယ်တိုင် အသေးစိတ်တွက်ချက်ပြီး သင်ကြားရပါမည်။

layers Responsive Website Development

ကမိမိရေးသားထားသော Website များကို Desktop / Mobile Device များမှာ အဆင်ပြေပြေ ကြည့်ရှုနိုင်အောင် ပြုလုပ်သော Responsive Web Design အကြောင်းကို သင်ကြားရပါမည်။ Media Query အသုံးပြုပြီး Responsive Web Design ရေးသားနည်းကို အသေးစိတ် သင်ပါတယ်။

layers Bootstrap 4 CSS Framework

Mobile First Responsive Website များတည်ဆောက်ရာတွင် လျှင်မြန်လွယ်ကူစွာ တည်ဆောက်နိုင်အောင် အသုံးပြုသော CSS Framework တစ်ခုဖြစ်သည့် Bootstrap CSS Framework အကြောင်းကို သင်ကြားရပါမည်။

layers Number System

Computer Science၊ Programming Language၊ Software Engineering၊ Web Development နယ်ပယ်မှာ မသိမဖြစ် အခြေခံဖြစ်တဲ့ Number System အကြောင်းကို သင်ကြားရပါမည်။

layers Developer Mystery

Web Developer တစ်ယောက်အနေဖြင့် Website များတည်ဆောက်ရာတွင် သူများထက် ပိုမိုမြန်ဆန်စွာ တည်ဆောက်နိုင်အောင် သိထားသင့်သော Emmet, VS Code Text Editor Tricks များ၊​ ကိုယ်တိုင် ရေးဆွဲတည်ဆောက်ထားသော Website များကို Internet ပေါ်သို့ Publish ပြုလုပ်ခြင်း စသည့် Web Developer တစ်ယောက် သိသင့် သိထိုက်သည့် Mystery များကို သင်ကြားရပါမည်။

layers Introduction to Programming

Programming Language များအကြောင်း Algorithm အကြောင်း၊​ Pseudo Code၊ Computer Memory၊ Operators များ၊ Boolean Logic and Expression အကြောင်းကို သင်ကြားပါမည်။ Programming Langauge များ၏ Data Type များနှင့် Strong Type၊​ Weak Type အစရှိသော Typing Discipline များအကြောင်းကို သင်ကြားပါမည်။ Programming Language ကို Website နဲ့ Web Application များ တည်ဆောက်ရာတွင် မပါမဖြစ်သော JavaScript ES 5 version ကို အသုံးပြုပြီး သင်ကြားပါမည်။ JavaScript ES 5 Version ကို သင်ကြားရခြင်းမှာ အခြား Programming များကဲ့သို့ Developement Environment Setup လုပ်ရန် ခဲယဉ်းခြင်းမရှိပဲ Beginner များအတွက် စတင်ရန် လွယ်ကူသောကြောင့်ဖြစ်ပါသည်။

layers Functional Programming

Function များ အကြောင်းကို အသေးစိတ်သင်ကြားပါမည်။​ Anonymous Function, Higher Order Function, Lambda Function, Closure တို့ကို Code Example များဖြင့် စနစ်တကျ သင်ကြားပေးပါမည်။

layers JavaScript DOM and jQuery

JavaScript ကို အသုံးပြုပြီး DOM Manipulate ပြုလုပ်ခြင်းကို သင်ကြားပါမည်။​ DOM ကိုအသုံးပြုပြီး Web Document များအတွင်းမှ HTML Element များ CSS Value များကို ပြုပြင်ပြောင်းလဲနိုင်မည်ဖြစ်သည်။ jQuery Library အသုံးပြုပြီး DOM Manipulation ပြုလုပ်ခြင်းကို သင်ကြားပါမည်။

layers Library Mystery

Website တွေမှာ Interactive ဖြစ်အောင် Slider ထည့်တာ၊​ scroll ဆွဲလိုက်တော့မှ Content တွေ ပေါ်လာတာ ပုံတွေ ပေါ်လာတာ။ ဒီလို Library တွေထည့်သွင်းတာမျိုးကို ထည့်သွင်းသင်ကြားမှာပါ။

layers Website Projects

Bootstrap Framework ကို သုံးပြီး Mobile First Responsive Website Project ၃ ခုကို ဆရာနှင့် အတူရေးရပါမယ်။

သင်တန်းတက်ဖို့ အခုပဲ ဖုန်းဆက်ပြီး Register လုပ်လိုက်ပါ

Call to Register
Designer Life

map-pin သင်တန်းလိပ်စာ

သင်တန်းခန်းမ


တိုက် ( ၃၃ )၊ ၄ လွှာ၊
ပဒုမ္မာလမ်း ( Spirits အနီး )
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်

ကိုထက်ဝေယံစိုး
09 794303891