Web Application Development with Laravel Course

Laravel Framework ကို အသုံးပြုပြီး Web Application များ တည်ဆောက်တတ်အောင် သင်ကြားပေးသည့် Course
PHPPHPGit Advance

သင်တန်းကြာချိန်

သင်တန်းကာလ ၃ လ၊
တစ်ပတ်လျှင် နှစ်ရက်၊ တစ်ရက်လျှင် ၂ နာရီ
စုစုပေါင်း ၄၈ နာရီ သင်ကြားမည်။

သင်တန်းအတွက် လိုအပ်ချက်များ

HTML, CSS, JavaScript ES 5, ES 6, Programming​ အခြေခံရှိလျှင် တက်ရောက်နိုင်ပါသည်။ Linux OS တင်ထားတဲ့ ကိုယ်ပိုင် Laptop / Computer​ ရှိဖို့ လိုအပ်ပါတယ်။ အောက်မှာ ပါတဲ့ သင်ရိုးကနေ ဘာတွေ သင်မယ်ဆို သေချာ ဖတ်ထားပြီး တက်ရောက်နိုင်ပါတယ်။


package သင်တန်းကြေး ၂၀၀,၀၀၀ ကျပ်

ကိုထက်ဝေယံစိုး

Web Development Instructor

သင်ကြားမည့်ဆရာအကြောင်းအသေးစိတ်

layout သင်တန်းမှာ ဘယ်လိုသင်မလဲ

PHP ကို အဓိကထားပြီး သင်ကြားသည်။ Laravel Web Framework ကို အသုံးပြုပြီး Web Application များ တည်ဆောက်တတ်အောင် သင်ကြားပေးသည့် Course ဖြစ်သည်။ PHP နှင့် တွဲဖက်အသုံးပြုရန် MySQL Database ကို သင်ကြားပေးမည်။ သင်တန်းပြီးဆုံးလျှင် Laravel Framework ကို အသုံးပြုပြီး Web Application များတည်ဆောက်တတ်သွားမည်။

compass ဒီသင်ရိုးမှာ ဘာတွေ သင်မလဲ


layers Server Client Architecture

Server Client Architecture နဲ့ HTTP Protocol အကြောင်းကို အဆင့်လိုက်ရှင်းပြသွားမည်။ အနည်းငယ်ခက်ခဲသော်လည်း Web Application နှင့် API များ တည်ဆောက်ရာတွင် ကျကျနန နားလည်ထားရမည့် အကြောင်းအရာတစ်ခုဖြစ်သည်။

layers PHP Programming Language

PHP Programming Language ကို Syntax Level မှ သင်ကြားပြီး PHP ကို Web Application များတည်ဆောက်ရာတွင် လိုအပ်သည့် Knowledge များကို သင်ကြားပေးသွားမည်။

layers Functional Programming

Function များ အကြောင်းကို အသေးစိတ်သင်ကြားပါမည်။ Anonymous Function, Higher Order Function, Lambda Function, Closure တို့ကို Code Example များဖြင့် စနစ်တကျ သင်ကြားပေးပါမည်။

layers Object Oriented Programming

Object-Oriented Programming မှာ အဓိကကျတဲ့ Abstraction, Encapsulation, Inheritance, Polymorphism စသငည်တို့ကို Example Code များဖြင့် သင်ကြားပေးသည်။​ PHP တွင် အသုံးပြုသော OOP နည်းစနစ်များကို ဆရာနှင့်တကွ လေ့လာသွားမည်။

layers MySQL Database and PHP PDO

SQL Language ကို သင်ကြားပြီး MySQL Database System ကို Table များတည်ဆောက်ခြင်း၊​ နှစ်ခုထက်ပိုသော Table များတည်ဆောက်ပြီး Web Application အတွက်လိုအပ်သော Data များကို ရယူနိုင်အောင် သင်ကြားသည်။ PHP မှ PDO Library ဖြင့် MySQL Database ကို ချိတ်ဆက်ပြီး Web Application တည်ဆောက်ခြင်းကို သင်ကြားမည်။

layers Composer and PSR Standard

PHP အတွက် Package Manager ဖြစ်သော Composer ကို အသုံးပြုပြီး Modern Web Application တစ်ခု လျှင်မြန်စွာ တည်ဆောက်နိုင်အောင် open-source package များ ထည့်သွင်းခြင်း၊​ PHP အတွက် Standard များဖြစ်သော PSR-2, PSR-4 အစရှိသည့် Language Standard များကို သင်ကြားသည်။​ Laravel Framework သာမက အခြားသော PHP Framework များ အသုံးပြုနိုင်ဖို့ အသုံးဝင်သည်။

layers Laravel Web Framework + Vue.JS

Laravel Framework နှင့် Vue.JS ကို အသုံးပြုပြီး Web Application တစ်ခုအတွက် တည်ဆောက်နိုင်အောင် သင်ကြားပေးသည်။

သင်တန်းတက်ဖို့ အခုပဲ ဖုန်းဆက်ပြီး Register လုပ်လိုက်ပါ

Call to Register
Designer Life

map-pin သင်တန်းလိပ်စာ

သင်တန်းခန်းမ


တိုက် ( ၃၃ )၊ ၄ လွှာ၊
ပဒုမ္မာလမ်း ( Spirits အနီး )
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်

ကိုထက်ဝေယံစိုး
09 794303891