JavaScript For Web Development Course

JavaScript ကို Beginner မှ Advanced Level အထိ သွားချင်သူများအတွက် သင့်တော်သည့် Course
course iconcourse iconcourse iconcourse iconcourse iconcourse icon

သင်တန်းကြာချိန်

သင်တန်းကာလ ၂ လ၊
တစ်ပတ်လျှင် နှစ်ရက်၊ တစ်ရက်လျှင် ၂ နာရီ
စုစုပေါင်း ၃၂ နာရီ သင်ကြားမည်။

သင်တန်းအတွက် လိုအပ်ချက်များ

HTML, CSS, JavaScript ES 5, Programming​ အခြေခံရှိလျှင် တက်ရောက်နိုင်ပါသည်။ Linux OS တင်ထားတဲ့ ကိုယ်ပိုင် Laptop / Computer​ ရှိဖို့ လိုအပ်ပါတယ်။ အောက်မှာ ပါတဲ့ သင်ရိုးကနေ ဘာတွေ သင်မယ်ဆို သေချာ ဖတ်ထားပြီး တက်ရောက်နိုင်ပါတယ်။


package သင်တန်းကြေး ၁၀၀,၀၀၀ ကျပ်

ကိုထက်ဝေယံစိုး

Web Development Instructor

သင်ကြားမည့်ဆရာအကြောင်းအသေးစိတ်

layout သင်တန်းမှာ ဘယ်လိုသင်မလဲ

Facebook Secret Group ထဲမှာ အပတ်စဥ် သတ်မှတ်ထားတဲ့ ရက်တွေမှာ Live ကနေ တဆင့် သင်ပေးမှာပါ။ Quality ကောင်းမွန်တဲ့ Video File ကိုတော့ သင်တုန်းမှာ အသုံးပြုသွားတဲ့ Code တွေနဲ့တကွ Google Drive ကနေ Download ပြုလုပ်နိုင်ပါမယ်။ Group မှာ ဆရာ့ကို သိချင်တာတွေ မေးမြန်းနိုင်ပါတယ်။ အပတ်စဥ် ဆရာက Group မှာ Live ကတဆင့် မရှင်းတာရှိရင် မေးနိုင်အောင် Question and Answer Section ပြုလုပ်ပေးမှာပါ။ Messenger Video / Audio Call ကနေ တဆင့်လဲ စာရှင်းပြဖို့ တောင်းဆိုနိုင်ပါတယ်။ အိမ်စာပေးထားတဲ့ Code တွေအတွက် Review တွေလဲ ပုံမှန် ပြုလုပ်ပေးပါတယ်။ Group အတွက် Support လုပ်တဲ့ သက်တမ်းကတော့ စသင်တဲ့ရက်ကနေ ရက်ပေါင်း ၁၂၀ အထိဖြစ်ပါတယ်။ သင်တန်းက Online က သင်မှာဖြစ်တဲ့အတွက် လက်ခံသင်ယူမဲ့ ကျောင်းသားဖက်က အများကြီး အားစိုက်ထုတ်ဖို့ လိုပါတယ်။ သင်ပေးသမျှ Video တွေကို အထပ်ထပ် အခါခါ ကြည့်ရှုပြီး သေချာ လေ့ကျင့်မှသာ လမ်းကြောင်းပေါ် ရောက်မှာပါ။

compass ဒီသင်ရိုးမှာ ဘာတွေ သင်မလဲ


layers JavaScript DOM and jQuery

JavaScript ကို အသုံးပြုပြီး DOM Manipulate ပြုလုပ်ခြင်းကို သင်ကြားပါမည်။​ DOM ကိုအသုံးပြုပြီး Web Document များအတွင်းမှ HTML Element များ CSS Value များကို ပြုပြင်ပြောင်းလဲနိုင်မည်ဖြစ်သည်။ jQuery Library အသုံးပြုပြီး DOM Manipulation ပြုလုပ်ခြင်းကို သင်ကြားပါမည်။

layers Functional Programming

Function များ အကြောင်းကို အသေးစိတ်သင်ကြားပါမည်။​ Anonymous Function, Higher Order Function, Lambda Function, Closure, MapReduceFilter တို့ကို Code Example များဖြင့် စနစ်တကျ သင်ကြားပေးပါမည်။

layers JavaScript ES 6

JavaScript ES 6 version ကို သင်ကြားပါမည်။ JavaScript တွင် အသစ်ပါလာသော Arrow Function, Default Parameter, Arrow Functions, Promises, Block Scope Variables များ အကြောင်းကို သင်ကြားပါမည်။ ဆက်လက်ပြီး WebPack ကို Module Bundler အဖြစ် NPM ကို Build Tool အနေဖြင့် သင်ကြားပါမည်။ ES 6 Version မှာ မသိမဖြစ်သော Language Standard တစ်ခုအဖြစ်သို့ ရောက်လာပြီ ဖြစ်ပါသည်။

layers Ajax

Ajax Engine ကို အသုံးပြုပြီး Browser အတွင်းမှ HTTP Request များပြုလုပ်ခြင်းကို သင်ကြားပါမည်။

layers Vue.JS, Vue Router, Vue Cli

လက်ရှိခေတ်စားနေသော နည်းပညာ တစ်ခုဖြစ်သည့် VueJS ကို အသုံးပြုပြီး Website များ Web Application များ တည်ဆောက်ခြင်းကို သင်ကြားပါမည်။

သင်တန်းတက်ဖို့ အခုပဲ ဖုန်းဆက်ပြီး Register လုပ်လိုက်ပါ

Call to Register
Designer Life

map-pin သင်တန်းလိပ်စာ

သင်တန်းခန်းမ


တိုက် ( ၃၃ )၊ ၄ လွှာ၊
ပဒုမ္မာလမ်း ( Spirits အနီး )
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်

ကိုထက်ဝေယံစိုး
09 794303891