Number System

December 14, 2018

Cardinal Number

အရေအတွက်မှာ သုံးသည်.. ဥပမာအားဖြင့် “ဘီယာ ၄ ဗူး” “ကောင်မလေး ၁၀ ယောက်” “ဘဲ ၅ ကောင်” စသည်ဖြင့် ရေတွက်ရာမှာ သုံးသည်။ Programmer တွေ အသုံးများသော Array ( Zero Index Array or Numeric Array or Indexed Array ) တို့List တို့ ( Python ) တွင် သုံးသည်။

Ordinal Number

အမှတ်စဉ် မှတ်ရာတွင် သုံးသည်။ ဥပမာအားဖြင့် “ညာဘက်ကနေ ရေရင် ၅ ယောက်မြောက်” “ဖေမြင့်စာအုပ်က စာအုပ်စဉ်ပေါ်က ၃ ဆင့်မြောက်မှာရှိတယ်” “ကျနော်ရဲ့ တစ်ရာ ကိုးဆယ့် ရှစ်ယောက်မြောက် စော်လေးနဲ့ သွားတွေ့လိုက်ဦးမယ်ဗျာ” စသည်ဖြင့်…

Nominal Number

ဂဏန်းကို နာမည်အနေဖြင့်သုံးသည်။ ဥပမာအားဖြင့် “တိုက် နံပတ် ၅၇” “၄ ရပ်ကွက်” “၀၉ ၇၉ ၄၃၀၃၈၉၁” စသည်ဖြင့်…