ဆရာ မပြ နည်းမကျ

နည်းကျအောင် သင်ပြနိုင်တဲ့ ဆရာများဆီမှာ သင်ယူလိုက်ပါ

သင်တန်းနှင့် သင်ရိုးများ
table

သင်တန်းကျောင်းတစ်ခုဖြစ်ပြီး Information Technology ဆိုင်ရာ နည်းပညာများဖြင့် IT Professional တစ်ယောက်အဖြစ် အသက်မွေး ဝမ်းကျောင်းပြုလိုသူများတွက် ကူညီလမ်းပြပေးနေသော သင်တန်း တစ်ခုပါ။ သင်တန်းမှာ သင်ကြားနေတဲ့ ဆရာတွေဟာ သင်ကြားရေး အတွေ့အကြုံရင့်ကျက်ပြီး IT Industry မှာ လုပ်ငန်းခွင် အတွေ့အကြုံများစွာရှိသူများပါ။ လက်ရှိ IT Industry မှာလည်း Professional များအဖြစ် ရပ်တည်နေကြသူများ ဖြစ်ပါတယ်။ သင်ကြားသော သင်ရိုးများမှာ နှစ်ပေါင်းများစွာ လေ့လာထားသော Knowledge များ ကိုယ်ပိုင် အတွေ့အကြုံများဖြင့် ပေါင်းစပ်ပြီး ပြုစုထားသော သင်ရိုးများဖြင့် သင်ကြားပါတယ်။

map Career Path

IT နယ်ပယ်မှာ Career ရွေးချယ်ပြီဆိုရင် အခြား Professional Career တွေနဲ့ မတူဘဲ Career Path တွေ ရွေးချယ်စရာ အများကြီးရှိပါတယ်။ Website တွေ Web Application တွေ တည်ဆောက်တဲ့ Web Developer Career ကို ရွေးချယ်တော့မယ်ဆိုရင် Front-end Developer, Back-end Developer တွေဆိုပြီး ထပ်ကွဲသလို Server Administration အပိုင်းမှာလဲ Window Server Administrator တွေနဲ့ Linux အခြေပြု Operation System များကို အသုံးပြုတဲ့ Linux System Administrator တွေဆိုပြီး ရွေးချယ်နိုင်ပါတယ်။ အခြား ရွေးချယ်စရာ IT Professional Career တွေလဲ အပုံအပင်ပါပဲ။

programmingprogrammingprogrammingprogrammingprogrammingprogramming

course iconcourse iconcourse iconcourse icon

developer

Front-end Web Developer

HTML, CSS အစရှိသည့် Web Technologies များဖြင့် Company သို့မဟုတ် Product တစ်ခုအတွက် Business ၏ ရည်ရွယ်ချက်ကို ပေါ်လွင်အောင် Business က ပေးချင်သော Information များကို အသုံးပြုပြီး မျက်စိပသာဒဖြစ်အောင် စိတ်ဝင်စားဖွယ်ဖြစ်အောင် Website များ တည်ဆောက်ပေးရတဲ့ Developer တွေပါ။ ပြီးတော့ Website တွေကို Desktop PC, Laptop, Tablet, Phone အစရှိသည့် Device မျိုးစုံနှင့်အဆင်ပြေအောင် ကြည့်ရှုနိုင်ဖို့ Responsive Web Design ကိုပါ တည်ဆောက်တတ်ရပါတယ်။ JavaScript ကို အသုံးပြုပြီး Website ကို ပိုပြီး စိတ်ဝင်စားဖွယ်ဖြစ်အောင် Interactive ဖြစ်အောင် တည်ဆောက်ကြပါတယ်။ အရင်ခေတ်တွေက jQuery နဲ့တင် အဆင်ပြေပေမဲ့ အခုကတော့ လိုအပ်ချက်တွေ များလာပြီး VueJS သို့မဟုတ် ReactJS အစရှိသည်ဖြင့် Frontend Framework တစ်ခုခု တတ်မြောက်ထားမှ အဆင်ပြေနိုင်ပါတယ်။ အလုပ်အကိုင်အနေနဲ့ Web Developer, Web Designer, Front-end Web Developer များအဖြစ် ခေါ်ယူလေ့ရှိပါတယ်။

Back-end Web Developer

PHP, Python, Ruby, NodeJS အစရှိတဲ့ Server-side Programming Language တွေနဲ့ Web Application တွေ တည်ဆောက်ကြတဲ့ Web Developer တွေပါ။ အနည်းဆုံး Database Technology တစ်ခု တတ်မြောက်ထားရသလို Web Application ရေးတဲ့အခါမှာလဲ HTML, CSS, JS စတာတွေကလဲ သေချာသိထားမှ ဖြစ်မှာပါ။ ယခုနောက်ပိုင်း Web Application တွေ တည်ဆောက်တဲ့အခါ လိုအပ်ချက်တွေ အရမ်းများလာပြီး Laravel, VueJS အစရှိတဲ့ Framework တွေနဲ့ ရေးဆွဲ တည်ဆောက်လာကြပါတယ်။ တည်ဆောက်ရာမှာ လွယ်ကူမြန်ဆန်တဲ့အပြင် ပိုပြီး Powerful ဖြစ်လာကြပါတယ်။ ဒီလို Technology တွေကို အသုံးပြုပြီး Web Application တည်ဆောက်သူတွေကို Back-end Web Developer တွေလို့ သတ်မှတ်ထားကြပါတယ်။ အလုပ်အကိုင်အနေနဲ့ Web Developer, Back-end Engineer, Back-end Web Developer များအဖြစ် ခေါ်ယူလေ့ရှိပါတယ်။

Code
scrum

FullStack Web Developer

Programming Language ၂ ခု ၃ ခု သိဖို့ လိုပြီး Website တည်ဆောက်ရုံတင်မကပဲ Progressive Web App, Web Services, DevOps, API, Mobile App Development, Database Design, Software Architecture အစရှိသည်ဖြင့် App တစ်ခုကို Development ကနေ Deployment အထိ ကိုယ်တိုင်တည်ဆောက်နိုင်သူများ ဖြစ်ပါတယ်။ Business Domain Knowledge လဲ အထိုက်အလျောက်လေ့လာထားဖို့ လိုအပ်ပါတယ်။ Technology Skill တောင်းဆိုတာလဲ​ များသလို အချိန်အတိုင်းအတာ တစ်ခုပေးပြီးမှ FullStack Developer ဖြစ်လာကြပါတယ်။ အလုပ်အကိုင်အနေနဲ့ FullStack Engineer, FullStack Web Developer များအဖြစ် ခေါ်ယူလေ့ရှိပါတယ်။

#သင်တန်းနှင့် သင်ရိုးများ

သင်တန်းမှာ Web Development Course တွေကို သင်ယူသူရဲ့ Level တွေ အလိုက် တက်ရောက်နိုင်အောင် ခွဲခြားထားပါတယ်။ သင်တန်းမတက်ခင် ဆရာတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပြီး ကိုယ်လက်ရှိ ရောက်နေတဲ့ Level အလိုက် ဘယ် Course တက်သင့်တယ်ဆိုတာ​ ဆရာများမှ Recommendation လုပ်ပေးမှာ ဖြစ်ပါတယ်။ မိမိနှင့်ကိုက်ညီသော နှစ်သက်ရာ Level ကနေ စတင်တက်ရောက်နိုင်ပြီး လိုချင်တဲ့ လိုအပ်နေတဲ့ Technical Skill ကို ဖြည့်ဆည်းလိုက်ပါ။

git

#သင်ကြားပြသမည့် ဆရာများ

ကိုထက်ဝေယံစိုး

Web Development Instructor

ဆရာအကြောင်းအသေးစိတ်

map-pin သင်တန်းလိပ်စာ

သင်တန်းခန်းမ


တိုက် ( ၃၃ )၊ ၄ လွှာ၊
ပဒုမ္မာလမ်း ( Spirits အနီး )
စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်

ကိုထက်ဝေယံစိုး
09 794303891